မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်နည်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ခရိုင်လေ့ကျင့်ရေးအားကစားရုံတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်ကြည့်ရှုအားပေးပါသည်။