မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံတွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ

မိုင်းဆတ် ဇူလိုင် ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင် ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်နှင့်မိသားစုများ၏ လှူဒါန်းမှုဖြင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်လာကြသော သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ဓါတ်စွမ်းဟုန် ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုတို့ ဆပ်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဓါတ်စွမ်းဟုန်ဘုန်းတော်ကြီးကျောင်းဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူဒါန်းရခြင်း အကျိုးနှင့် ပတ်သက်၍ တရားဟောကြားပြီး လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ​ပေးဝေကြကြောင်း သိရသည်။

ထက်ထက်(မိုင်းဆတ်)