ရခိုင်ပြည်နယ်

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အတွက် ပြည်သူလူထုနှင့် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေး ရှောင် မြိုတိုင်းရင်းသားများအား  ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်း ရင်းသားများအား ဆန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကို ယမန်နေ့ ညနေပိုင်းက  ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ကျောက်တော်မြို့နယ်ရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)မြန်မာစာ ဘာသာရပ်အား စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် ယနေ့နံနက်မှစတင်၍ စာစစ်ဌာန အသီးသီး၌ စတင်ဖြေဆိုလျက်ရှိရာ ကျောက်တော်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၀)ခု၌ (ပထမနေ့) မြန်မာ စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၀၇၃)ဦးတို့က အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ မြေပြင်ရှိ လူဦးရေစာရင်များ တိကျမှန်ကန်စေရေးအတွက် စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရမ်းဗြဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးတို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ် ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများပူးပေါင်း၍ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း များကို ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းအဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုး သမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်  ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲများ စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အထကခွဲမြို့လုလင်၊ အထက ဝါးကြီးအိုင်တို့၌ ကျင်းပသည်။

မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ စတင်ဖြေဆို

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာနသုံးခု ဖွင့်လှစ်လျက် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၁)ရက်နေ့ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ပေါက်တောမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆို

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှ စတင်ကာ တစ်ပြိုင်နက် တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ စာစစ်ဌာန (၇)ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

မင်းပြားမြို့တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာနအသီးသီး၌ စတင်ဖြေဆို

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သတ်မှတ်ကျောင်းစာစစ်ဌာန အသီးသီး၌မြန်မာစာ ဘာသာရပ်ကိုစတင်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ (ပထမနေ့) မြန်မာစာ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၈၅၅၆)ဦးမှ အေးချမ်းစွာဝင်ရောက်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ (ပထမနေ့)မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူ(၈၅၅၆)ဦးတို့မှ အေးချမ်းစွာဖြင့်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်