ရခိုင်ပြည်နယ်

ရသေ့တောင်မြို့၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်၌ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား စာစစ်ဌာန (၃)ခု၌ စတင်ဖြေဆို

ဂွမြို့နယ်၌ ၂၀၂၁/၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲများအား ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသားဝ ကျောင်းသူများ မြန်မာစာ ဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၆၅)ဦး ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၆၅)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/သူ (၂၁၁၄)ဦး ဝင်ရောက်ဖြေဆို

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယနေ့မှစ၍ စတင်ဖြေဆို လျက်ရှိရာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား/ ‌ကျောင်းသူများ စတင်‌ဖြေဆို

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား စာစစ်ဌာန (၈)ခု၌ စတင်ဖြေဆို

အမ်းမြို့နယ်၌ ၂၀၂၁/၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများအား ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ မြန်မာ စာဘာသာရပ်အား စတင်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စာစစ်ဌာန (၁၂)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့၊ လူထုအ‌‌ပြုဗဟိုဌာနတွင် လူငယ်များအတွက် နွေရာသီ အခြေခံကရာတေးဒိုသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ ညနေ(၁၅၀၀)ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားမန်ကရာတေးဒိုအသင်းတို့ပူးပေါင်း၍ လူငယ်လူရွယ်များကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကိုအချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအား ခုခံနိုင်စွမ်းနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံကရာတေးဒို သင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်