မောင်တော မတ် ၃၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုး သမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး နှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး၊ လုပ်ငန်းစဉ်များအတွက် အထောက် အကူပြု နိုင်စေနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းပြောကြားပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်က သင်တန်းဆိုင်ရာအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်း တို့က အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းတွင် ထူးချွန်စွာ ပထမရရှိခဲ့သူအား ဆုရရှိသူအားဆုများ ဂုဏ်ပြုဆုငွေနှင့် အပ်ချုပ်စက်တစ်လုံးအား ပေးအပ်ပြီး ခရိုင်စီမံ အုပ်ချုပ် ရေး အဖွဲ့ဝင်များက ဒုတိယ၊ တတိယ ဆုရရှိသူများအား အသီးသီး ဆုချီးမြှင့်ပေး အပ်ခဲ့ကြသည်။ ဆက်လက်နယ်စပ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မြင့်ဦးမှ သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်း တက်ရောက်သင်ယူခဲ့သည့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ နယ်စပ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မြင့်ဦး နှင့် ဌာနဆိုင်ရာ များက အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်း သူများ၏ လက်ရာများအား အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်မှ လိုက်လံ ရှင်းလင်းပြသခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူများမှာ ကျေးလက် နေဒေသခံ တိုင်းရင်းသူများဖြစ်ရာသင် တန်းမှ ပို့ချပေးလိုက်သည့် ပညာရပ်များဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရှိ စေပြီး တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလုပ်ကိုင် ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိမ်တွင်းမှု ပညာသင် တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)