မောင်တော မတ် ၃၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား ဆန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကို ယမန်နေ့ ညနေပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ ကျောက်ပန္ဒူအရှေ့ကွင်းတွင် မြိုတိုင်းရင်းသား အိမ်ထောင် စု(၁၅၀)စုအား နေရာချထားနိုင်ရေးအတွက် ယခုအခါ မြေနေရာရှင်းလင်းဆောင်ရွက်ခဲ့ ပြီးဖြစ်ရာ မတ်လ ၁၉ ရက်နေ့ထိ ပုဏ္ဏားကျွန်း မြို့နယ်မှ စစ်ဘေးရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု (၅၄)စု၊ အမျိုသား ၁၇၄ ဦး ၊အမျိုးသမီး ၁၆၅ ဦး စုစု ပေါင်း ၃၄၁ ဦးတို့မှ လာရောက်နေထိုင်လျက်ရှိ သဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုအရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်သော အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၊မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့နှင့်အတူ သွား ရောက်တွေ့ဆုံ အားပေးပြီး အဆိုပါ အိမ် ထောင် စု (၅၄)စုအား နေအိမ်များဆောက်လုပ်ခြင်း မပြုမီကာလအတွင်း လတ်တလော စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေးအတွက် ဆန်၊ ဆီ၊ ဆား ၊ ကြက်သွန်နီ၊ အာလူး၊ အဝတ် အထည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ အပါအဝင် စုစုပေါင်း ထောက်ပ ပစ္စည်းတန်ဖိုးငွေကျပ် (၁၁၅၇၂၀၀၀)/-(ကျပ်တစ်ရာ တစ်ဆယ့်ငါးသိန်းခုနှစ်သောင်းနှစ်ထောင်ကျပ်) တိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)