ရခိုင်ပြည်နယ်

တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို   

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊တောင်ပြိုလက်ဝဲမြို့၊ စာစစ်ဌာန အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ များ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြို လက်ဝဲ စာစစ်ဌာန သုံးခု ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ  ယနေ့ နံနက်ပိုင်းက အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၁၆၀ )ဦး ဆက်လက်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့မှ စတင်ပြီး ဧပြီလ ၉ရက် နေ့ထိ နံနက် ၉နာရီမှ ၁၂နာရီထိ တစ်ရက်လျှင်တစ်ဘာသာနှန်းဖြင့် ဖြေဆိုလျက်ရှိရာရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၆၀ )ဦးမှ အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား နံနက် ၉ နာရအချိန်က စတင်ကာ မြန်မာ တစ် နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျှက်ရှိရာ မြောက်ဦးမြို့နယ်အတွင်း စာစစ်ဌာန(၇)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၁၅)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျှက် ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္က သိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲများအား စာစစ်ဌာန(၈)ခု၌ ဒုတိယနေ့ဖြေဆို

အမ်းမြို့နယ်၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများအား ယနေ့ နံနက် ၉ နာရီအချိန်ဒုတိယနေ့ စတင်၍စာစစ်ဌာန (၈)ခုတွင် (၁၉၃၄)ဦး အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ အင်္ဂလိပ်စာဘာသာရပ်အား စာစစ်ဌာန(၃)ခု၌ဖြေဆို

ဂွမြို့နယ်၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ် အတွက်တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက် ၉ နာရီအချိန်က စတင်၍သက်ဆိုင်ရာစာစစ်ဌာန များတွင်ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်အား ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်း

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန အမ်းမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)ကို ယနေ့ နံနက် (၉)နာရီက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အတွက် ပြည်သူလူထုနှင့် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်