မြို့သစ်မြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲများ စတင်ဖြေဆို

မြို့သစ် မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အထကခွဲမြို့လုလင်၊ အထက ဝါးကြီးအိုင်တို့၌ ကျင်းပသည်။

အဆိုပါစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၈၆၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့သစ်မြို့နယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး တာဝန်ရှိသူများမှ ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိသည်။

မြို့သစ်မြို့တွင် စာစစ်ဌာန(၃)နေရာတွင် ဖြေဆိုသည့် ကျောင်းသား( ၃၆၇)ဦး၊ ကျောင်းသူ(၄၉၆) ဦးစုစုပေါင်း ကျောင်းသား၊ ကျောင်းသူ( ၈၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီးဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၈၁ ဒသ မ ၇၂) ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)