ရမ်းဗြဲ မတ် ၃၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရမ်းဗြဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးတို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ် ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများပူးပေါင်း၍ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း များကို ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ရမ်းဗြဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးပို့ထားရှိသော ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၈)အုပ်စုမှလူဦးရေစာရင်းများနှင့် ရမ်းဗြဲမြို့ပေါ်ရှိ ရပ်ကွက် (၆) ရပ်ကွက်နှင့် လေးတောင်မြို့ရှိ ရပ်ကွက်(၅)ခုမှ အခြေခံမဲဆန္ဒရှင်များစာရင်းကို အချိန်နှင့် တပြေးညီ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းကို ရမ်းဗြဲ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်နိုင် (ပြန်/ဆက်)