မင်းပြားမြို့တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာနအသီးသီး၌ စတင်ဖြေဆို

မင်းပြား မတ်  ၃၁

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သတ်မှတ်ကျောင်းစာစစ်ဌာန အသီးသီး၌မြန်မာစာ ဘာသာရပ်ကိုစတင်ဖြေဆိုလျက်ရှိသည်။

မင်းပြားမြို့နယ်အတွင်းအထက(၁)မင်းပြားစာစစ်ဌာန၊ အထက(၂)မင်းပြားစာစစ်ဌာန၊  အထက(၃) မင်းပြားစာစစ်ဌာန၊မူလွန်-မင်းဘာကြီး(မင်းပြား)စာစစ်ဌာန၊  မူလွန်-ကင်းဆိပ်(မင်းပြား)စာစစ်ဌာန၊ အထက-ကမ်းနီ(မင်းပြား)စာစစ်ဌာန၊ အထက-ပန်းမြောင်း(မင်းပြား)စာစစ်ဌာန၊ အထက-မင်းရွာ (မင်းပြား)စာစစ်ဌာန(၈)ခုရှိရာတွင်ဖြေဆိုကျောင်းသား၊ကျောင်းသူကျား(၁၁၅၆ )ဦး၊မ(၁၅၂၀ )ဦး၊ စုစုပေါင်း (၂၆၇၆ ) ဦးရှိပြီး အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  စာမေးပွဲကြီးကြပ်ဆရာ၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ၊ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့ များကကျောင်းသား၊  ကျောင်းသူများစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် ကြပ်မတ်ကြီးကြပ် ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

သိန်းနုအောင်