မောင်တော မတ် ၃၁
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာနသုံးခု ဖွင့်လှစ်လျက် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၁)ရက်နေ့ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၄၃၆)ဦးရှိသည့် အနက် ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၈၄၃)ဦးနှင့် မ(၄၅၃)ဦး၊ ပေါင်း(၁၂၉၆)ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား(၁၀၉)ဦး၊ မ (၃၁)ဦး၊ ပေါင်း(၁၄၀)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀.၂၅)ဖြစ်ရာ ပျက်ကွက် ရာခိုင်နှုန်းမှာ(၉.၇၅)ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)