ပေါက်တောမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆို

ပေါက်တော မတ် ၃၁

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှ စတင်ကာ တစ်ပြိုင်နက် တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ စာစစ်ဌာန (၇)ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ  ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပေါက်တောမြို့နယ်တွင် စာစစ်ဌာန(၇)ခုတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၁၀၀၇)ဦး၊ ကျောင်းသူ (၁၁၇၁)ဦး စုစုပေါင်း(၂၁၇၈)ဦးရှိပြီး၊ ယနေ့ မြန်မာစာ ဘာသာရပ်အား ဖြေဆိုသူ ကျောင်းသား(၉၃၃)ဦး၊ ကျောင်းသူ (၁၁၁၄)ဦး စုစုပေါင်း (၂၀၄၇)ဦး၊ ပျက်ကွက်ကျောင်းသား(၇၄)ဦး၊ ကျောင်းသူ(၅၇)ဦး၊ စုစုပေါင်း (၁၃၁)ဦးရှိရာ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၉၃.၉၉) ရာခိုင်နှုန်းဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)