ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ (ပထမနေ့) မြန်မာစာ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၈၅၅၆)ဦးမှ အေးချမ်းစွာဝင်ရောက်ဖြေဆို

ကျောက်ဖြူ   မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ (ပထမနေ့)မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူ(၈၅၅၆)ဦးတို့မှ အေးချမ်းစွာဖြင့်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင်၌ စာစစ်ဌာနပေါင်း(၃၅)ခုရှိသည့်အနက် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန် မာစာဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၁၂)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၇၁၀) ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၃၄၂၃)ဦးရှိကာ ပျက်ကွက် (၂၈၇) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၂.၂၆ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၁၀)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၂၂၃၀)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၀၃၄) ဦးရှိကာ ပျက်ကွက် (၁၉၆)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၂၁) ရာခိုင်နှုန်း၊  မာန်အောင်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၂၆၃) ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၆၅) ဦးရှိကာ ပျက်ကွက် (၉၈)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၂၄) ရာခိုင်နှုန်း၊ အမ်းမြို့နယ်ရှိ စာစစ် ဌာန(၈)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၂၂၁၈) ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၉၃၄) ဦးရှိကာ ပျက်ကွက်(၂၈၄) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၇.၂၀)ရာခိုင် နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင် ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် (၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)