ကျောက်တော်မြို့နယ်ရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)မြန်မာစာ ဘာသာရပ်အား စတင်ဖြေဆို

ကျောက်တော်  မတ် ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် ယနေ့နံနက်မှစတင်၍ စာစစ်ဌာန အသီးသီး၌ စတင်ဖြေဆိုလျက်ရှိရာ ကျောက်တော်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၀)ခု၌ (ပထမနေ့) မြန်မာ စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၀၇၃)ဦးတို့က အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကျောက်တော်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ သက်ဆိုင်ရာစာစစ်ဌာန(၁၀)ခုတွင် တစ်နေ့လျှင် ဘာသာရပ်တစ်ခုစီဖြင့် နံနက် ၉ နာရီအချိန်မှ ၁၂ နာရီအချိန်ထိ ၃ နာရီကြာ မေးခွန်းလွှာများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် စစ် ဆေးလျက်ရှိရာ တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမများမှ စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ ကျောက်တော်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ-ထ-က ကျောက်တော်၊ အ-ထ-က(မြို့မ)၊ အ-ထ-က(ခွဲ)၊ အ-ထ-က (ညောင် ပင်လှ)၊ အ-ထ-က(ရွှေပြည်) ၊ အ-ထ-က(အပေါက်ဝ) ၊ အ-ထ-က(ဒုက္ကန်ချောင်း)၊အ-ထ-က(ကန်စောက်) ၊ အ-ထ-က (သရက်တ ပင်) နှင့်အ-ထ-က(ခွဲ) ကျားနင်းကန် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာ စာဘာသာရပ်ကို မြို့နယ်အတွင်း ဖြေဆိုရန်စာရင်းရှိ ကျောင်းသား။ကျောင်းသူ(၄၃၉၂)ဦးရှိသည့် အနက် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ (၄၀၇၃)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ ကျား (၁၇၂)ဦး၊ဖြေဆိုရန်ပျက်ကွက်သူ မ(၁၄၂)ဦး စုစုပေါင်းဖြေဆိုရန်ပျက်ကွက်သူ (၃၁၉)ဦးရှိပြီး ဖြေဆို ရန်ပျက်ကွက်သူ ရာခိုင်နှုန်းမှာ (၇.၂၆)ရာခိုင်နှုန်းဖြစ်ပြီး မြန်မာစာဘာသာရပ်ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၂.၇၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်မောင်ထွန်း