ရခိုင်ပြည်နယ်

ကျိန္တလီမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ အေးချမ်းစွာဖြင့် ရေကစား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ကိန္တလီမြို့ရှိ ဗဟိုမဏ္ဍပ်တွင်ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ ရေလောင်း ရေပက်ခံသူများဖြင့် အထူးစည်ကားနေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့တွင် ရေလောင်း ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရေပက်ကစားသူများနှင့်စည်ကားလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက် ၁၀ နာရီ အချိန်မှစ၍ ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့လမ်းလျှောက်သင်္ကြန်အား ဖွင့်လှစ်ပေးပြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေမြို့၊ ရှုခင်းသာလမ်းရှိ လမ်းလျှောက်သင်္ကြန်အားဖွင့်လှစ်ပေးပြီး လမ်းလျှောက်သင်္ကြန်ရှိ ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်ကမ်းခြေများသို့ သွားရောက်ကာ ပြည်သူများ အတာသင်္ကြန်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများအားလှည့် လည်ကြည့်ရှုပြီး ဦးဥတ္တမ ပန်းခြံရှေ့ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ပြည်သူများပျော်ရွှင်စွာ ရေပက်ကစားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အတာသင်္ကြန်ရေကစားသူ စည်ကားများပြား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊  တောင်ကုတ်မြို့နယ်၊  မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း စတုဒိသာ ဧည့်ခံကျွေးသူများရှိပြီး မအီမြို့ရှိ အထင်ကရ နေရာ များရှိ မဏ္ဍပ်ငယ်များနှင့် မအီမြို့လယ် ရန်ကုန်-ကျောက်ဖြူလမ်းမဘေးရှိ မြို့မဗဟိုမဏ္ဍပ်တွင် သီဆိုကပြ ဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း၌ ရန်အောင်မြင်စေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌  ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ခြင်းကို ယနေ့ ညနေ(၄)နာရီက စေတီယဂ်ဏဘုန်း‌‌ တော်ကြီးကျောင်းတွင် ချောင်းရပ်ကွက်နှင့် တောင်ရင်းတန်းရပ်ကွက်မှ ပြည်သူများစုစည်း၍ ရခိုင်မင်္ဂလာစည်တော်တီးပြီး မြို့တစ်ပတ် လှည့်လည်ကာ စေတီယဂ်ဏ ကျောင်းတိုက်တွင် ဘုရားရေသပ္ပါယ်ခြင်းများကို ပြုလုပ်ခဲ့သည်။

ဂွမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး အေးချမ်းစွာ ဥပုသ်သီလခံယူဆောက်တည်

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယနေ့နံနက်ပိုင်း၌ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့တွင်မဟာသင်္ကြန်အကြတ်နေ့ညနေပိုင်းရေကစားသူများဖြင့်အထူးစည်ကား

ရခိုင်ပြည်နယ်သံတွဲမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင်  ယနေ့နံနက်ပိုင်းမှစ၍  အထူးစည်ကားလျက်ရှိရာ ညနေပိုင်းတွင် ပိုမို စည်ကားလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့တွင်မဟာသင်္ကြန်အကြတ်နေ့၌ရေကစားသူများဖြင့်အထူးစည်ကား

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်