ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌  ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်

ရသေ့တောင် ဧပြီ ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ခြင်းကို ယနေ့ ညနေ(၄)နာရီက စေတီယဂ်ဏဘုန်း‌‌ တော်ကြီးကျောင်းတွင် ချောင်းရပ်ကွက်နှင့် တောင်ရင်းတန်းရပ်ကွက်မှ ပြည်သူများစုစည်း၍ ရခိုင်မင်္ဂလာစည်တော်တီးပြီး မြို့တစ်ပတ် လှည့်လည်ကာ စေတီယဂ်ဏ ကျောင်းတိုက်တွင် ဘုရားရေသပ္ပါယ်ခြင်းများကို ပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့၌  ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ခြင်းကို ချောင်းဝရပ်ကွက်နှင့် တောင်ရင်းတန်း ရပ်ကွက်မှ ပြည်သူများ စုပေါင်းကာ နံသာဖြူ၊ နံသာနီအစရှိသော အမွှေးနံ့သာများသွေးပြီး ငွေဖလားများ၌ ထည့်ကာ သပြေခက်များဖြင့် စေတီယဂ်ဏဘုန်းတော်ကြီးကျောင်း‌ ကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္ထပညာသာမိသာမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ ဘုရားရေသပ္ပါယ်ခြင်းများကို ပျော်ရွှင် စွာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)