ဘူးသီးတောင် ဧပြီ ၁၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့တွင် ရေလောင်း ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ မဏ္ဍပ်များတွင် ခေတ်ပေါ်တေးဂီတတေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် မဏ္ဍပ်များဆောက်လုပ်၍ လည်းကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍ လည်းကောင်း၊ ကားများ၊ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဖြင့် ရေပက်ခံထွက်သူများ၊ လမ်းလျှောက်လာသူများအား ရေပက်ကစားကာ အထူးစည်ကားလျက်ရှိသည်။
ဘူးသီးတောင်မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့တွင် ရေလောင်းရေပက်ကစားခြင်းကို မြို့ပေါ်ရပ် ကွက်နေပြည်သူများနှင့်ကျေးရွာနေပြည်သူများက ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဖြင့် လာရောက်ကာ ရေပက်ခံထွက်ပြီးအေးချမ်းစွာဖြင့် ရေကစားလျက်ရှိကြောင်း သိရှိရသည်။
လှကျော်(ပြန်/ဆက်)