ဂွ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယနေ့နံနက်ပိုင်း၌ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဂွမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်သူများ၊ ဆွမ်းကပ်လှူသူများဖြင့် စည်ကားလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ပြည်သူများ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်းကန်များသို့သွားရောက်ပြီး သင်္ကြန်ကာလအခါသမယ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာစွာ ကောင်းမှကုသိုလ်ပွားများ အားထုတ်လျက်ရှိကြောင်း သိရှိရသည်။
ရွှေရည်ဝင်းကျော်