ရခိုင်ပြည်နယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ်ရေကစားမဏ္ဍပ်များသို့လှည့်လည် ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့လုံးကျွတ်ရခိုင်ရိုးရာသင်္ကြန်ဖျော်ရေးမဏ္ဍပ်ဖွင့်ပွဲနှင့် ဌာနဆိုင်ရာ မဏ္ဍပ်များ၊ စစ်တွေတပ်နယ်လေးဝတီရေ ကစားမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုအားပေးသည်။

မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်အကျနေ့ ရေလောင်းရေပက်ခံသူများဖြင့်အထူးစည်ကား

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကျနေ့ ယမန်နေ့ နံနက် ၁၀ နာရီမှစ၍  ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ ပျော်ရွှင်စွာဆင်နွှဲ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

မြောက်ဦးမြို့၌ မဟာသင်္ကြန်ကာလအတွင်းဘုရား၊ ကျောင်းကန်များသို့ သွားရောက်ပြီး ဥပုသ်သီလခံယူ ဆောက်တည်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများ၌ ယနေ့ နံနက်ပိုင်းမှစ၍ ဘုရား၊ ကျောင်းကန်များနှင့် တရားစခန်းများ သို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဉပုဒ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ် လျက်ရှိကြောင်းသိရသည်။

မအီမြို့ လောကမဉ္ဇူတောရဓမ္မရိပ်သာ၌ ဘုရားရေသပ္ပါယ်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့မြို့နယ်၊ မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန် အကြိုနေ့၌  မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့်  မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မအီမြို့ရှိ လောကမဉ္ဇူတောရ ဓမ္မရိပ်သာအတွင်း၌ တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ကမာကူရဂျပန်ကြေးသွန်း ဘုရားကြီးနှင့် သျှစ်သောင်းပုထိုးပုံတူ ပုထိုးတော်တို့အား ဘုရားရေသပ္ပါယ်ပူဇော်ခြင်းကို သင်္ကြန်အကြိုနေ့ ယမန်နေ့ ညနေပိုင်းအချိန်က ပူဇော်ခဲ့ကြကြောင်း သိရသည်။

မြောက်ဦးမြို့တွင် နှစ်သစ်ကူးသင်္ကြန်အကျနေ့ ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ နှစ်သစ်ကူးအတာ သင်္ကြန်အကျနေ့ ရခိုင့်ရိုးရာယဉ်ကျေးမှု ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်ခြင်း ကို ယမန်နေ့ နံနက် ၉ နာရီက သံတွခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လှပျိုဖြူ အဖွဲ့များ ပူးပေါင်း၍ သမိုင်းဝင်တန်ခိုးကြီး ရွှေဆံတော်စေတီ၊ ရွှေအံတော်စေတီနှင့် ရွှေနံတော်စေတီများသို့ လှည့်လည်ကာ ရေသပ္ပါယ် ပူဇော်ခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ခြင်း ကို ယနေ့ နံနက်(၇)နာရီက သာသနာ့ဗိမာန်တော်ကြီးတွင် ပြည်သူများစုစည်း၍ ရခိုင်မင်္ဂလာစည်တော်တီးပြီး မြို့တစ်ပတ်လှည့်လည်ကာ မြို့ဦးကျောင်းတိုက်တွင် ဘုရားရေသပ္ပါယ်ခြင်းများကို ပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့၌ သင်္ကြန်အကြိုနေ့၌ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရား၊ ပုထိုး၊ စေတီများရှိ ဘုရားများအား ရေသပ္ပါယ်ပူဇော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန် အကြိုနေ့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ မဟာကံကြီးရှင်ဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရား၊ ပုထိုး၊ စေတီများရှိ ဘုရားရုပ်ပွားတော်များအား ရေသပ္ပါယ်ပူဇော်ခြင်းအား ယမန်နေ့ ညနေ ၄ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်အတွင်း ရခိုင်စည်တော်တီးခတ်လှည့်လည်ကာ ဘုရားရေသပ္ပါယ်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်နှစ် ၂၀၂၂ ခု နှစ်တွင်ကျရောက်သည့်မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီက ရခိုင်ပြည်နယ်သံတွဲမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်