တောင်ကုတ် ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက် ၁၀ နာရီ အချိန်မှစ၍ ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ ရပ်ကွက်များတွင် ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်များတွင်လည်းကောင်း၊ လမ်းအလိုက်ဆောက်လုပ်ထားသော မဏ္ဍပ်ငယ်များတွင်လည်း ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်းမရှိသော်လည်း သင်္ကြန်ချစ်သူများ စုပေါင်း၍ ရပ်ကွက် အလိုက်ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်များရှိရာ အဆိုပါမဏ္ဍပ်များတွင် ရေပက်ကစား ကြသူများ၊ ရေပက်ခံထွက်သူများအနေဖြင့် ရိုးရာအစဉ်လာမပျက် ရေပက်ကစားလျက်ရှိကြောင်း သိရသည်၊။
မြို့နယ်(ပြန်/ဆက်)