ကျိန္တလီမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ အေးချမ်းစွာဖြင့် ရေကစား

ကျိန္တလီ ဧပြီ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ကိန္တလီမြို့ရှိ ဗဟိုမဏ္ဍပ်တွင်ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗဟိုမဏ္ဍပ်တွင် နံနက် ၈နာရီမှ ညနေ ၅ နာရီထိ ဖျော်ဖြေလျက်ရှိပြီး ရပ်ကွက်/ ကျေးရွာ များမှ ယိမ်းအဖွဲ့များကအကများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေလျက်ရှိရာ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ ထို့ပြင် ရပ်ကွက်/ကျေးရွာများတွင်လည်း စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြပြီး ရေပက်ခံ ထွက်သူများ၊ ရေကစားသူများဖြင့် မြန်မာ့ရိုးရာ အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွဲသူများဖြင့် စည်ကားလျက်ရှိသည်။

ကျိန္လလီမြို့ ဗဟိုမဏ္ဍပ်၌ ရေပက်ခံအဖွဲ့များက အငှားယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ကိုယ်ပိုင် ကားများဖြင့် လာရောက်ကာ အေးချမ်းစွာဖြင့် ရေကစားလျက်ရှိကြောင်း သိရသည်။

သန်းသန်းလေး