သံတွဲမြို့တွင်မဟာသင်္ကြန်အကြတ်နေ့ညနေပိုင်းရေကစားသူများဖြင့်အထူးစည်ကား

သံတွဲ ဧပြီ  ၁၆

ရခိုင်ပြည်နယ်သံတွဲမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင်  ယနေ့နံနက်ပိုင်းမှစ၍  အထူးစည်ကားလျက်ရှိရာ ညနေပိုင်းတွင် ပိုမို စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဟာသင်္ကြန်အကြတ်နေ့တွင် အနယ်နယ်၊ အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်ရေပက်ခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစား အပန်းဖြေ အနားယူသူများ နံနက်ပိုင်းအချိန်ကထက် ညနေပိုင်းတွင် ပိုမိုများပြားလာကာပျော်ရွှင် အေးချမ်း သာယာစွာဖြင့် အထူးစည်ကား လျက်ရှိသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)