သံတွဲ ဧပြီ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
အဆိုပါမဟာသင်္ကြန်အကြတ်နေ့တွင် အနယ်နယ်၊ အရပ်ရပ်မှလာရောက်လည်ပတ်သူများ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်ရေပက်ခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစား အပန်းဖြေ အနားယူသူများ ယခင်နေ့ကထက် ပိုမိုများပြားကာ အေးချမ်းသာယာစွာဖြင့် အထူးစည်ကား လျက်ရှိသည်။
သန့်ဇင်(ခရိုင်၊ပြန်/ဆက်)