ဒုတိယဗိုလ်ချုပ်ကြီးလူအေး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မ အားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်အားပေးချီးမြှင့်သည်။