ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော် ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။