မောင်တော ဇူလိုင် ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် သရေကုန်းဘောင် ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ နှင့်အတူ သရေကုန်းဘောင်ကျေးရွာရှိ ကွင်းအမှတ် ၁၂၂/ခ တောင်သူ ၁၂ ဦး၏ လယ်မြေဧက ၂၀ ဧက တွင် စိုက်ပျိုးမည့် ပေါ်ဆန်းရင်းမျိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း၊ လယ်မြေများအား မိုးစပါး များအချိန်မှီ စိုက်ပျိုးရန်အတွက် ထွန်စက်များဖြင့် မြေပြုပြင်ထွန်ယက်နေမှုများနှင့် တောင်သူဦးအောင်သန်းတင်၏ လယ်မြေဧကတွင် မိုးစပါးများအား အတန်းလိုက် တောင်သူများက စိုက်ပျိုးနေမှုများအားသွားရောက် ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာ လိုအပ်သည်များကို တာဝန်ရှိများအား လမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)