ကျောက်တော်မြို့နယ် မြို့သစ်မှန်ကျောင်းဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့သစ်မှန်ကျောင်း ဘုန်းတော်ကြီးကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း ရှေ့မျက်နှာစာ၌ ပြုလုပ်ခဲ့ကြသည်။