ရခိုင်ပြည်နယ်

သံတွဲမြို့၌အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အိမ်တိုင်ရာ​ရောက်သွား​ရောက် ပေးအပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမ်းမြို့၌ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ရောင်းချပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများရောင်းချပေး ခဲ့သည်။

ရသေ့တောင်မြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် မီးအသိမီးသတိရှိစေရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့နံနက် ၁၀ နာရီက အရှေ့မြောက်ရပ်ကွက်ရှိ ရွှေပါရမီ (ယာယီနေရပ်စွန့်ခွာသူများစခန်း)သို့ သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ) သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိပြည်သူများအား မီးပေါ့ဆမှုမရှိရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယမန်နေ့မွန်းလွဲပိုင်းက အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။

တောင်ပြိုလက်ဝဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့တော်သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။

မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးကိုစနစ်တကျ သုံးစွဲရန် မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများသည် ယနေ့ညနေ ၅ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။

ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသို့ ယူးရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း တိုးတက်စေရန် ပြည်တွင်းမှထုတ်လုပ်သော ယူးရီးယားဓာတ်မြေဩဇာ (MPE)များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံတောင်သူများသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပေါက်တောမြို့နယ် ဆင်တက်မော် IDP စခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ဆင်တက်မော် IDP စခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်