မြေပုံ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ စားသုံးသူ(ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေး လျက်ရှိသည်။
စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးမည့် စားသုံးဆီများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က စစ်ဆေးကြီးကြပ်လျက် မြောက်ဦးခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၊ မြေပုံမြို့နယ် စားသုံးဆီအရောင်းကိုယ်စားလှယ် ဦးသာထွန်းမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆင်းရဲနွမ်းပါးစားသုံးသူပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျင် (၅၀၀၀)ကျပ်နှုန်းဖြင့် ဆီ(၂၇၅၀)ပိဿာအား (၁၈-၁၀-၂၀၂၃)ရက်နေ့မှ (၂၂-၁၀-၂၀၂၃)ရက်နေ့အတွင်း သတ်မှတ်ဆီရောင်း စုရပ်နေရာ(၅)နေရာ၌ သတ်မှတ်၍ စုရပ်(၁)နေရာ တွင် ဆီ(၅၅၀)ပိဿာအား လက်လီဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ဝင်း