ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့၌  ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့်  ဌာနဆိုင် ရာဝန်ထမ်းများအား  စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့၌ စွန့်ပစ်ပစ္စည်းဆိုင်ရာလုပ်ငန်းစီမံချက်အရ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်

ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီး၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ ပုဏ္ဏားကျွန်းမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ PDYO လူမှုကူညီရေးအသင်း၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနှင့်ဒေသခံပြည်သူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဓာတ်စေတော်မြတ်ကြီးရင်ပြင်၌ လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ပွဲဆောင်ရွက်ခဲ့ကြသည်။

မက်မန်းမြို၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်“အောင်မြင်ရေးသော့ချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှု သည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင်၏ “အောင်မြင်ရေးသော့ချက်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေဟိုတယ်ဆင်းလမ်း တိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ခွဲနေမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေဟိုတယ်ဆင်းလမ်းအား ပွိုင့်ကမ်းခြေပတ်လမ်းအထိ အဖြောင့်ဖောက်လုပ်မည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ခွဲနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဂွမြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ ညနေပိုင်းတွင်  အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။

ရသေ့တောင်မြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် မီးအသိ၊ မီးသတိရှိစေရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယနေ့မွန်းလွဲ ၂ နာရီက တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက် (ယာယီနေရပ်စွန့်ခွာသူများစခန်း) သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ရှိ ဈေးများ၌ မီးဘေးအန္တရာယ်မကျရောက်‌စေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဈေးများသို့သွားရောက်ကာ မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးသည်။

ကျောက်ဖြူမြို့၌ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာ အုပ်စုရှိ အေးမြသာယာ ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်