တောင်ပြိုလက်ဝဲ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ်များသည် အနာဂတ်တွင်နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံကြစေရန်လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟု သုတများကြွယ်ဝစေရန်၊ ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဝရည်မှန်းချက်ပန်တိုင်းများထားရှိပြီး ကြိုးစားကြရန် လိုအပ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဟောပြောပွဲတွင် တောင်ပြိုလက်ဝဲမြို့၊ရပ်ကွက် (၄)၊အမကကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြပြီး တောင်ပြိုလက်ဝဲမြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်၊စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြ သည်။
သိန်းနိုင်(ပြန်/ဆက်)