ရသေ့တောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်၊ စေတီတောင်အရှေ့ ယာယီခိုလှုံရာစခန်းသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။