ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမ်းမြို့၌ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ရောင်းချပေး

အမ်း အောက်တိုဘာ   ၁၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများရောင်းချပေး ခဲ့သည်။

 ထိုသို့ ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ ပြည်သူများသို့ရောင်းချပေးနေမှုအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်း​များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အမ်းမြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှစားသုံးဆီများအား စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ် နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် တစ်နေ့လျှင် စားသုံးဆီ  ၅၅၀ ပိဿာအား လေယာဉ် ကွင်းရပ်ကွက်နေပြည်သူများသို့ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

အဆိုပါ စားသုံးဆီရောင်းချမှုအား အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ အမှတ်(၃) ဈေးရပ် ကွက်၊လေယာဉ်ကွင်းရပ်ကွက်၊ အောက်ရွာကျေးရွာ၊ ဒိုင်ကြီးကျေးရွာတို့တွင် စားသုံးဆီ  ၂၇၅၀ ပိဿာအား ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)