ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ကျောက်ဖြူ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိပြည်သူများအား မီးပေါ့ဆမှုမရှိရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယမန်နေ့မွန်းလွဲပိုင်းက အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် “သင့်ကြောင့်မီးမလောင်ပါစေနှင့်”၊ မီးဘေးအန္တရာယ် ကြုံတွေရလာပါက ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်များ စသည့် အသိပညာပေးပိုစတာများကို အများပြည်သူမြင်သာသည့် လမ်းဆုံနေရာများဖြစ်သော မြို့အဝင်လမ်းဆုံ၊ အဝေးပြေးကားကြီးဝင်းလမ်းဆုံ၊ အလယ်ပိုင်းရပ်ကွက် နာရီစင်အဝိုင်းပတ်လမ်းဆုံ၊ ငလပွေ့ရပ်ကွက်ရှိ အမြန်ရေယာဉ်ဆိပ်ကမ်းနှင့် အေးမြသာယာ ကျေးရွာတို့တွင် ကျောက်ဖြူခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အတူ ပူးပေါင်း၍ စိုက်ထူခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)