ချောင်းဆုံ စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ခရိုက်နှီးဟုကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ အိမ်ထောင်စုဝင် များအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်က ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့မှ ဦးစီးပြီး အဆိုပါ ကျေးရွာ အိမ်ထောင်စုဝင်များအား ဆန်၊ ဆီ စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့ကြသည်။
အဆိုပါ စားသောက်ကုန်များ လှူဒါန်းရာတွင် ကျေးရွာအိမ်ထောင်စုဝင် (၁၂၀)အိမ်ထောင်စုအတွက် အလှူရှင် ဦးတင်ထွဋ်ဝင်းနှင့် အလှူရှင်များ စုပေါင်းပြီး တစ်အိမ်ထောင်စုလျှင် ဆန် (၆)ပြည် (၁)အိတ်၊ ဆီ(၆၀)သား (၁)ဗူး၊ ငါးသေတ္တာ(၄)ဗူး လှူဒါန်းပေးခဲ့ရာ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နှင့် ပြည်နယ်တပ်ဖွဲ့ဝင်များ၊ ချောင်းဆုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အလှူရှင်များက တစ်အိမ် တက်ဆင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)