ကျိုက်မရော၌ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်မရော စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉နာရီက အောင်သုခရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလွင်က ရှင်းလင်းဆွေးနွေးပြီး ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပိတ်ရက်မရှိ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူ (၁၀၅) ဦးအတွက်
နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး