မွန်ပြည်နယ်

မုဒုံမြို့၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ကျေးရွာလူနေမှုဘဝများ တိုးတက်လာ စေရန်၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါ ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်တွင် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက် ၉ နာရီက စတင်ပြီး ဆေးထိုး စုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ချိကယ်ကျေးရွာအုပ်စုနှင့် လွိုင်လင်လေးမြို့တို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သထုံ၌ ပြည်သူ့ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ သယံဇာတ ရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်နိုင်၊ လူမှုရေးဝန်ကြီး ဦးတင်ချယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်း က သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေး လိုက်လံကြည့်ရှုအားပေးကာ မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ‌ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ  အခမဲ့ စစ်ဆေးဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  လမ်းသွား လမ်း လာ ပြည်သူများအား ယနေ့ နံနက် ၈ နာရီ အချိန်က  မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးရှေ့တွင်   ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြရာ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေး ခဲ့ကြ ကြောင်း သိရ သည်။

ပေါင်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေး လျက်ရှိ

ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်(ပေါင်မြို့နယ်ဘဏ်ခွဲ) အနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ တောင်သူများအား ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

ကျိုက်ထို မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း သံဃာတော်များ နှင့် သာသနာ့နွယ်ဝင်သီလရှင်များ အတွက်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လှူဒါန်းပွဲသို့ မည်သူ မဆို ပါဝင်ကုသိုလ်ယူနိုင်

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ ဆွမ်းဝေယျာဝစ္စ အဆင်ပြေစေရေး မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းနိုင်ရေးအတွက်အလှူခံမဏ္ဍပ်ဖွင့်လှစ်ခြင်းကို ကျိုက်ထိုမြို့ နယ်ကျိုက်ထီးရိုးသမိုင်းပြတိုက် ရှေ့တွင် စက်တင်ဘာ ၁၇ ရက် မှ အောက်တိုဘာ ၃၀ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။

မော်လမြိုင်တွင် အငြိမ်းစားပင်စင်လစာများ ကိုဗစ်−၁၉ ကာကွယ်ရေးစည်းကမ်းများအညီ ဆက်လက်ထုတ်ပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)တွင်အငြိမ်းစားဝန်ထမ်းပင်စင်လစာ ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာကိုဗစ်-၁၉ကာလအတွင်းရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး နှင့် သက်ကြီးပင်စင်စားများ အေးချမ်းစွာ ငွေထုတ်ယူနိုင်ရေးတို့အတွက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် စက်တင်ဘာ၂၁ရက်မှစတင်ကာနေ့စဉ်နံနက်၈နာရီမှစ၍ဆက်လက်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင်  အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို နဝမမြောက်နေ့ အဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်  ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၅၅) နှစ် အထက် ပြည်သူ များအား   ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို    ယမန်နေ့က နဝမ မြောက်နေ့ အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်