(၄၂)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူနိုင်ရေးအတွက် လှည့်လည်အလှူခံ

 

မုဒုံ   စက်တင်ဘာ  ၂၇

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံ မြို့နယ်လုံးဆိုင်ရာ (၄၂)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူနိုင်ရေးအတွက် ယမန်နေ့က ရပ်ကွက်များတွင် ဆွမ်းဆန် များ လှည့်လည်အလှူခံလျက်ကြောင်း သိရှိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ​မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့က  ကြီးကြပ်၍  မြို့နယ်ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊  သာသနာ့အကျိုး တော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အရေးပေါ်လူမှု ကယ်ဆယ်ရေး ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ အစဥ်အလာမပြတ် သံဃာ့ဒါန ဆွမ်းဆန်တော် လှည့်လည်အလှူခံကာ မြို့နယ်နေစေ တနာရှင်များမှ တစ်တင်းခွဲအိတ် ၂၀၀ အိတ်၊ တစ်တင်းအိတ် ၄၁၈ အိတ်၊ ခြောက် ပြည်အိတ် ၃၄၄ အိတ်၊တစ်ဆယ့်နှစ်ပြည်အိတ် ၆၂ အိတ်နှင့် ရှစ်ပြည်အိတ် ၉ အိတ် အား အလှူရှင်အသီးသီးတို့မှ လှူဒါန်းကြောင်း သိရသည်။

 

မုဒုံမြို့ပေါ်ရှိ ဘုန်ကြီးကျောင်း ၇၀ ကျောင်း၊ သီလရှင်ကျောင်း ၆ ကျောင်းတို့မှ ဝါဆို သံဃာ ၁၆၂၂ ပါး၊ သီလရှင် ၁၄၆ ပါး စုစုပေါင်း ၁၇၆၈ ပါးအား သက်ဆိုင်ရာ တာဝန်ရှိသူများတို့မှ တော်သလင်း လပြည့်ကျော် ၈/၉ ရက်များတွင်  အသီးသီး သွားရောက် လှူဒါန်းမည်ဖြစ် ကြောင်းသိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)