မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ရင်တွင်း စကားသံများ

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါဖြစ်ပွားနှုန်းကို ဟန့်တားနိုင်ရန် အတွက် မြိုပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လူမှုကူညီရေး အသင်းများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ထိုးနှံပေးလျက်ရှိသည်။

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မွန်ပြည်နယ် ပန်းခင်းစီမံချက် Volunteer ရက်တို သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် လူမှုဘဝ ပြည်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မွန်ပြည်နယ် ပန်းခင်းစီမံချက် Volunteer ရက်တို သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချောင်းဆုံ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချစေရန်ရောဂါကူးစက်ပြန့်ပွားမှုကို တာဆီးစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့် ပြီးသူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၁၅)နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကျေးရွာအုပ်စု(၆၈)အုပ်စုရှိ တောင်သူ များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သံဖြူဇရပ်မြို့နယ်မှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကစတင် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ ပန်းခင်းစီမံချက်​ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံး ဝန်ထမ်းများသည် မေလ ၃ ရက်နေ့မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မော်လမြိုင်တွင် RDT Test Kit ဖြင့် စျေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ခြောက်မိုင်ကျေးရွာနှင့် ကျွဲခြံကုန်းကျေးရွာတို့မှ စျေးရောင်းသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျွဲခြံကုန်းကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စစ်ဆေးပေးကြောင်း သိရသည်။

(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းပွဲ ရေစက်ချ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ(၄)ရပ်ကန်ကြီး ဓမ္မရာဇိန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မုဒုံမြို့နယ် တပ်နယ်မှူး ဒုဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

သထုံမြို့နယ်တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံ့၍ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ်အတွက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် မြို့နယ်အဆင့်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန် က ဂေါ့ကျေးရွာ၊ သရက်တောကျောင်းတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံ့၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၂/၂၀၂၁)နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကျင်းပ

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၁) နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၁) ကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က သက်ဆိုင်ရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် အောက်ခြေအထိကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားသည်။

သထုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၉၉ ခု ဆောင်ရွက် ပေးပြီး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် လိုက်လံဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူစုစုပေါင်း ၁၆၉၉ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်