မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် သာသနာ့ဗိမာန်တွင် ယနေ့နံနက်၈နာရီက ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ် အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

မုဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ်ကို ၃၁၄၀၆ ဦးအား ထိုးနှံပေးပြီးဖြစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက အသက်(၅၅) နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား မြို့မ (၄)ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးနှင့် ကန်ကြီးဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါး ချေးငွေ ကျပ် (၂၄၈၄၄) သိန်းခန့် ထုတ်ချေးပြီးစီး

ချောင်းဆုံမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် တောင်သူကြီးများအား ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်း ချက်နှင့် အညီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ မိုးစပါးချေးငွေ ကျပ် (၂၄၈၄၄) သိန်းကျော်ခန့် ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း သိရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် သာသနာ့ဗိမာန်တွင် ယနေ့နံနက် ၈နာရီ က ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ချောင်းဆုံမြို့နယ်တွင် (၁၇)ရက်တာကာလအတွင်း ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၀၁၉၃)ဦးရှိ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးသူ လျော့နည်းကျဆင်းလာသည်နှင့်အမျှ သေဆုံးမှုလျော့နည်းပပျောက်သွားစေရန်၊ ရောဂါပြန့်ပွားမှုကို တာဆီးထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ရှိပြည်သူများ ပူးပေါင်းပါဝင်လာခြင်းကြောင့် ဆေးထိုးစုရပ် (၁၅)နေရာတွင် (၁၇)ရက်တာ ကာလအတွင်းမှာ ပထမအကြိမ်ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၀၁၉၃)ဦးအထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် " ပန်းခင်းစီမံချက် " ဖြင့် ဝဲကဝါကျေးရွာပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊   သံဖြူဇရပ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီး ဌာန မှ " ပန်းခင်းစီမံချက် " ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကိုယနေ့နံနက် ၉ နာရီကဝဲက ဝါကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက် ပေးသည်။

ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အခြေခံမူ(၇)ချက်နှင့် လူမျိုးဘာသာမရွေး လူမှုရေးလုပ်ငန်းများအား ကူညီဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှလူမှုရေးလုပ်ငန်းများ ကို အခြေခံမူ(၇)ချက်နှင့်အညီ လူမျိုးဘာသာမရွေးကူညီဆောင်ရွက်ပေးနေပြီး ဒေသခံပြည်သူများ၏ ကူညီလှူဒါန်းမှုဖြင့်ယခုကိုဗစ်တတိယလှိုင်းတွင်လည်းလိုအပ်သည့်နေရာများ၌ဘက်ပေါင်းစုံမှနေ့/ည မရွေး အချိန်ပြည့်လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ  ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

မုဒုံမြို့နယ်၌နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ပေးရာ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ဘဲရမ်းကျေးရွာရှိစာသင်ကျောင်း၌ စက်တင်ဘာ၂၉ရက်နေ့      ကကျေးရွာနေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် ကျေးရွာများအရောက်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အခြေခံမူ(၇)ချက်နှင့် လူမျိုးဘာသာမရွေး လူမှုရေးလုပ်ငန်းများအား ကူညီဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လူမှုရေးလုပ်ငန်းများကို အခြေခံမူ(၇)ချက်နှင့်အညီ လူမျိုးဘာသာမရွေး ကူညီဆောင်ရွက်ပေးနေပြီး ဒေသခံပြည်သူများ၏ ကူညီလှူဒါန်းမှုဖြင့် ယခုကိုဗစ်တတိယလှိုင်းတွင်လည်း လိုအပ်သည့်နေရာများ၌ ဘက်ပေါင်းစုံမှ နေ့/ည မရွေး အချိန်ပြည့်လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဧကများအတွက် မျိုးစပါးများ ဒုတိယအကြိမ် ထောက်ပံပေးအပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါး ပျက်စီးဧက (၄၄၁၈) အပေါ် ပြန်လည်စိုက်ပျိူးမည့်တောင်သူများအား မျိုးစပါးများဒုတိယအကြိမ် ထောက်ပံပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်