မွန်ပြည်နယ်

သထုံမြို့၌ အခွန်အမှတ်တံဆိပ်ပြေစာများဆိုင်ရာ အသိပညာပေးဗီနိုင်းများ လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရေးနှင့် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” အသိပညာပေးကြေငြာချက်ဗီနိုင်းကို ချိတ်ဆွဲထားခြင်းရှိ/မရှိကို ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်း ​ဆောင်ရွက်

မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သံဖြူဇရပ်မြို့နယ်​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အ-ထ-က(ကျုံကဒတ်)​ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ လေပြင်းတိုက်ခတ်ခဲ့၍ ပျက်စီးသွားသည့်အ‌‌ခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ရင်းငြိမ်တော‌င်ကျေးရွာအုပ်စုတို့၌ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံအချို့နှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုအခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးစီးဆုံးရှုံးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခု ဖွင့်လှစ်ထားရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး  ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး ထိခိုက်ပျက်စီးမှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲပြိုမှုကြောင့် လူနေအိမ်(၉)လုံး အမိုးများလန်ခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တော်အနီး နတ်တောင်ပေါ် ဂြိုလ်တိုင်ပေါ်ရှိ စေတီငယ်တစ်ဆူသည် ဂြိုလ်တိုင်အမြင့်(၂၀)ပေခန့်ရှိ တိုင်ပေါ်မှ ပြိုကျမြေခခဲ့ကြောင်းနှင့် အလားတူ ရင်ပြင်တော်ပေါ် သီဟဆောင်ရှိ မျက်နှာချပ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်း၊ ဧည့်ခန်း(၁) မျက်နှာချပ်များ ကွာကြခြင်းများဖြစ်ပွားခဲ့ပြီး ဘုရားခန်းနှင့် ဧည့်ခန်း(၁)တွင် မိုးရေများယိုစိမ့်ခဲ့ကြောင်း သိရှိရသည်။

မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဥပဒေအသိပညာပြန့်ပွားရေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ(တာဝန်)၊ မော်လမြိုင်ခရိုင် ဥပဒေအရာရှိ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယခရိုင်ဥပဒေအရာရှိ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၂ ရက် နံနက် (၁၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက အ.ထ.က (ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်