မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် မြို့နယ်အဆင့် စုဖွဲ့လေ့ကျင့်ဆောင်ရွက်
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မြို့နယ်မီးသတ် ဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခြေအနေများကို ပြည်နယ်မီးသတ်ဦးစီးမှူးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။