မော်လမြိင် စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာ ပေးဟောပြောပွဲကို စက်တင်ဘာလ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာတင်ဋ္ဌေးက ခွေးရူးရောဂါအကြောင်း သိကောင်း စရာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီးကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ခွေးရူးရောဂါနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အကြောင်းအရာများ ဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အာဟာရ နွားနို့နှင့် ကြက်ဥတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)