သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာသိမှတ်ဖွယ်ရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဆွေးနွေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ဇူလိုင်လ ၂၂ ရက်နေ့နံနက်က အဆိုပါကျောင်းရှိ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။