ပေါင် စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆေးထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်က ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအချို့တို့တွင် မွေးမြူထားသောခွေး အကောင် (၁၅၀) အား ခွေးရူးပြန်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးအား တစ်အိမ်တက်ဆင်း ထိုးနှံပေးခဲ့သည်။
ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သည်။ ခွေး၊ ကြောင်၊ မြွေပါ၊ ခွေးအနှင့်မြေခွေးတို့တွင် ကူးစက်ပြန့်ပွားတတ်သောကြောင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)