မော်လမြိုင် စက်တင်ဘာ ၂၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ”ကို ယနေ့နံနက်က မော်လမြိုင်တက္ကသိုလ်၊ ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မွန်ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဝေက “စေ့စပ်ဖြေရှင်းရေး မိတ်ဆက်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိသွင်သွဲ့သွဲ့က “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းအောင်က “စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)