မုဒုံ စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စိန်တောင်၊ ထောင်ကေးကျေးရွာများရှိ ဒေသခံတောင်သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်(ခွဲ) မုဒုံမြို့၌ ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေး က တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုများနှင့်ပတ်သက်၍ စည်းမျဥ်း စည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ထို့နောက်အဆိုပါကျေးရွာများရှိ တောင်သူ ၁၂ ဦး၏ လယ်ဧက (၁၁၁) ဧကအတွက် စိုက်ပျိုး စရိတ်ချေးငွေ စုစုပေါင်း ( ၁၆၆ ဒသမ ၅၀ ) သိန်းကို လက်ဝယ်အရောက် ထုတ်ချေးခဲ့သည်။
မုဒုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ရပ်ကွက်/ ကျေးရွာ (၄၂)အုပ်စုရှိ တောင်သူ (၂၇၆၁) ဦး၏ လယ်ဧက (၂၁၁၂၈)ဧက အတွက် ချေးငွေ စုစုပေါင်း ၃၁၆၉၂ သိန်းကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)