မော်လမြိုင် စက်တင်ဘာ ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မြို့နယ်မီးသတ် ဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခြေအနေများကို ပြည်နယ်မီးသတ်ဦးစီးမှူးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် ယာဉ်/စက်များကို ကြည့်ရှုစစ်ဆေးပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးဆောင်၍ လူမူကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များဖြင့် သဘာဝဘေးဖြစ်ပေါ်လာပါက အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက် ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် စုဖွဲ့လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)