မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအကျိုးဆော်ဆောင်အဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး"နှင့် "မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး”တို့အတွက် မျှော်မှန်းချက်၊ ရည်မှန်းချက်များထားရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတာကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊