မွန်ပြည်နယ်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးကာအင်္ကျီနှင့်ရွက်ဖျင်တဲများပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော မိုးကာအင်္ကျီနှင့် ရွက်ဖျင်တဲများပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘီးလင်း​မြို့ အ.ထ.က(ခွဲ)လိပ်ခုံးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့၊ မွန်းလွဲ ၁ နာရီအချိန်က ဘီးလင်းမြို့၊ အ.ထ.က(ခွဲ)လိပ်ခုံးကျောင်း၊ ပတ္တမြားခန်းမ၌ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

သံဖြူဇရပ်မြို့နယ် နှစ်ကိုင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀နာရီ က နှစ်ကိုင်း အ.ထ.က(ခွဲ)ကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရတနာထွန်းဈေးကို သွားရောက်ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းရှင်းလင်းနေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

မုဒုံမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်းသည့် အသိပညာပေးရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က ဒရယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အသိပညာပေးဟောပြောပွဲနှင့် ကျေးရွာအတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးမွေးမြူထုတ်လုပ် ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက် ၇ နာရီက မြို့မဈေးဝင်းအတွင်းရှိ (အခွန်လွတ် ဈေး)တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ  (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ  (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၁၈) ရက်​နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဖြေလျော့ဆောင်ရွက်ပေးသကဲ့သို့ မွန်ပြည်နယ်အတွင်း ခရီးသွားများ ယခုထက် ပိုမိုလာရောက်လည်ပတ်နိုင်ရေးနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ လိုအပ်သည့် မူဝါဒကောင်းများ ချမှတ်ကာ အလေးထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသများ များစွာရှိပြီး ရှေးဟောင်းအဆောက်အဦများ၊ ကိုလိုနီခေတ်အဆောက်အဦများ ထင်ရှားသည့် ဘုရားစေတီများစွာ တည်ရှိနေခြင်း​ကြောင့် ခရီးသွားမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်ရာ၌ အထောက်အပံ့ ကောင်းများဖြစ်ပါကြောင်း၊

မော်လမြိုင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး  အသိပညာပေး ဟောပြောပွဲကို ဩဂုတ် (၁၈) ရက်နေ့ နေ့လည်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်