မော်လမြိုင် သြဂုတ် ၂၄
မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအကျိုးဆော်ဆောင်အဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး"နှင့် "မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး”တို့အတွက် မျှော်မှန်းချက်၊ ရည်မှန်းချက်များထားရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတာကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ဖြစ်လာစေဖို့အတွက် နည်းပြဆရာများရဲ့ လေ့ကျင့်သင်ကြားပေးမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်သင်ယူကြပါ၊ ပညာရေးတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်လာစေရေး လက်ဆောင်ပေးကြရန်လိုပါကြောင်းနှင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်ပညာတက် အားကစားသမားကောင်းများ ဖြစ်လာအောင် အစွမ်းကုန်ကြိုစားကြပါလို့ တိုက်တွန်းမှာကြားဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအတွက် ထောက်ပံ့လှူဒါန်း ငွေကျပ်(၁၀)သိန်းပေးအပ်ခဲ့မှုအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး တက်ရောက်လာသော သင်တန်းသား သင်တန်းသူများနှင့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာ အတူတကွသုံးဆောင်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ အားကစားနည်း(၆)နည်းတွင် သင်တန်းသား/သင်တန်းသူ (၁၁၃)ဦးဖြင့် ကရင်ပြည်နယ်မှ (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၈)ဦး၊ မွန်ပြည်နယ်မှ (၇၅)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)